မင်းဘူးခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း

13_Pic_01 13_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးလက်အောက်ရှိ မင်းဘူးခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို (၁၃-၆-၂၀၁၉)ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ အခမ်းအနားကို အပိုင်း(၂)ပိုင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၁)အရ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ တွင် မင်းဘူးခရိုင်အတွင်း သဘာဝဘေးများဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ အခမ်းအနားအစီအစဉ်(၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ ခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း အခမ်းအနားကို (၀၉း၀၀) အချိန် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#mgy_jun2019

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events