မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

19_Pic_02 19_Pic_03

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၈.၆.၂၀၁၉)ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ဖိကာ ပြိုလဲပျက်စီးခဲ့သောအိမ်၁လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း၊ ယိုင်နဲ့အိမ်ခြေ (၁)လုံးအ တွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း လူဦးရေ(၁၄)ဦးအတွက် ဆန်ဘိုး (၂၉,၄၀၀/-)ကျပ်တို့ကို (၁၈.၆.၂၀၁၉) ရက်နေ့ (၁၄း၅၀)နာရီအချိန်တွင်  သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#tny_jun2019

Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events