မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချုခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း

19_Pic_03 19_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က-ခြံကြီးစုတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသောကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆင့်ပွား သင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများ ပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ကျောင်းသူ (၈၀၀)ဦးခန့် တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအား အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ar

#simex_eqk

#krn_jun2019

Source:       မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events