ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူမှုသတင်း

12 _ Pic _ 01 12 _ Pic _ 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် (၉၅၆) စင်တီမီတာသို့ ရောက်ရှိနေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ နီးကပ်နေပြီဖြစ်ပါသဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများအား ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြပါရန် လိုက်လံသတိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ဆက် ဦးစီးဌာန၊ online ချစ်သူ ပရဟိတအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ကသာမြို့၊ အထ.က (၁) ကျောင်းရှေ့ရှိ အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_fld
#sgg_jul2019

Sign Up

Upcoming Events