ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

12 _ Pic _ 01 12 _ Pic _ 02

ခန္တီးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ခန္တီးအခြေစိုက် စစ်ဗျူဟာမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခန္တီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတို့နှင့်အတူ ခန္တီးခရိုင်အတွင်း ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂-၇-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းဝေးပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်တင်းပေးပို့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ စစ်ဆေးခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် speed boat နှင့် စက်လှေတို့အား စစ်ဆေးခြင်း ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်းများ စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေသည်( ၁၂၆၄) စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်မှာ (၁၃၆၀) စင်တီမီတာဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_fld
#sgg_jul2019

Sign Up

Upcoming Events