လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

 

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၆-၇-၂၀၁၉)ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာနှင့် ပိုင်ကျုံမြို့၊ ကော့မရိုင်းကျေးရွာအုပ်စု၊ ကျိုက်ပေါင်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၂)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၃)စု လူဦးရေ(၁၈)ဦး ဘေးဒုက္ခခံစားခဲ့ရသောကြောင့် (၁၂-၇-၂၀၁၉)ရက်နေ့တွင် ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တစ်အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၈၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၂၃၁၀၀/-) စုစုပေါင်းကျပ် (၃၁၇၈၀၀/-)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#krn_jul2019

Source:         ကရင်ပြည်နယ်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events