မြစ်ရေကြီးခြင်းသတိပေးချက်

================================================================
12_Pic_0112_Pic_02
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသညိ။

ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ မဒေါက်မြို့နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် နှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events