ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တာလေမြို့၊ အခြေခံပညာ မူလွန်ကျောင်း၊ ပန်ချီဟတ်၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#shn_jul2019

Sign Up

Upcoming Events