လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

 

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်၊ နောက်မီးအုပ်စု၊ ကြို့ကုန်းရွာ၊ အိုးကွဲအုပ်စုပျိုးကုန်းရွာ၊ ခွေးတောက်ချောင်းအုပ်စု၊ ပတ္တမြားကွျွန်းကျေးရွာတို့တွင် (၁၁-၇-၂၀၁၉)ရက်နေ့လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၃)လုံး စုစုပေါင်းအိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထာင်စု(၄)စုရှိ လူဦးရေ(၂၁)ဦးတို့အတွက် (၃၂၃၅၃)ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၁၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၄၄၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၅၄၁၀၀)ကျပ်ကို (၁၂-၇-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jul2019

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events