ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၀-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၂) လုံးအတွက် ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇,၀၀၀/-) ကျပ်တို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_jul2019

Sign Up

Upcoming Events