မြစ်ရေကြီးခြင်း သတိပေးချက် (၁၂-၇-၂၀၁၉)

=========================================

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန် ထုတ်ပြန်ချက်

=========================================

လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် နောက်(၂၄)နာရီအတွင်း စိုးရိမ်ရေမှတ်အထက် (၄)ပေခန့် တွင်ဆက်လက်တည်ရှိနေပါသည်။

=========================================

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့နှင့် ရွှေကူမြို့တို့တွင် နောက်(၂၄)နာရီအတွင်း၌ လည်းကောင်း၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် နောက်(၄၈)နာရီ(၂)ရက်အတွင်း၌ လည်းကောင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

=========================================

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် နောက်(၄၈)နာရီ(၂)ရက်အတွင်း၌ လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် နောက်(၇၂)နာရီ(၃)ရက်အတွင်း၌ လည်းကောင်းယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

=========================================

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် နောက်(၇၂)နာရီ(၃)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

=========================================

ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် နောက်(၄၈)နာရီ(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

=========================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အနီးနှင့် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည့် မြို့နယ်များရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events