မြစ်ရေကြီးခြင်းအခြေအနေသတင်း (၁၆-၇-၂၀၁၉)

========================================

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တိုင်းတာချက်

========================================

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင်(၂) ပေခန့်၊ ရွှေကူမြို့တွင် (၁) ပေခွဲခန့်နှင့် ကသာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်တွင် ရောက်ရှိနေပြီးသပိတ်ကျင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်သို့ ရောက်ရှိနေပါသည်။

=========================================

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် စိုးရိမ်ရေမှတ်အထက် (၂) ပေခန့်တွင် ရောက်ရှိနေပြီးဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်သို့ ရောက်ရှိနေပါသည်။

=========================================

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေကျော်ခန့်တွင် ရောက်ရှိနေပါသည်။

=============================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အနီးနှင့် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည့် မြို့နယ်များရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events