ရေဘေး ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

 

17_Pic_01 17_Pic_02ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ (၁၆.၇.၂၀၁၉)ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဗန်းမော်ခရီးစဉ်တွင် ကချင်ပြည်နယ်ဦးစီးမှူးနှင့်အတူ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်သဘာဝဘေးအန္တရာယ်လျော့ပါးရေးကြိုတင်ကာကွယ်ကော်မတီများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဗန်းမော်မြို့တွင် (၁၄.၇.၂၀၁၉)ရက်နေ့မှ(၁၅.၇.၂၀၁၉)ရက်နေ့အထိ ဧရာဝတီမြစ်ရေထပ်မံမြင့်တက်လာမှုကြောင့် ညောင်ပင်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်ရှိ ရေဘေးပြောင်းရွှေ့အိမ်ထောင်စု(၂၄၄)စု၊ လူဦးရေ(၁၀၈၇)ဦးတို့အတွက်  တစ်ဦးလျှင်(၂၁၀၀)နှုန်းဖြင့်(၇)ရက်စာဆန်ဖိုးငွေစုစုပေါင်း(၂၂၈၂၇၀ဝိ/-)တိတိကို (၁၆-၇-၂၀၁၉)ရက်နေ့ နေ့လည်(၁၀း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_jul2019

Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events