ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာ၊ ဆင်တပ်ကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာတို့၌်(၁၃-၇-၂၀၁၉)ရက်နေ့၊ (၁၄-၇-၂၀၁၉) ရက်နေ့နှင့် (၁၅-၇-၂၀၁၉) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း ရွှေမြင်းတတင်ဘုန်းတော်ကြီး ကျောင်းများသို့ အိမ်ထောင်စု (၆၄) စု၊ လူဦးရေ (၃၁၂) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး (၁၅-၇-၂၀၁၉) ရက်နေ့၊ ညနေ (၅းဝဝ) နာရီအချိန်တွင် (၁) ဦးလျင် (၇) ရက်စာဆန်ဖိုးငွေ (၂၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၃၁၂) ဦးအတွက် ထောက်ပံ့ငွေ (၆၅၅,၂၀၀/-) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#kcn_jul2019

Sign Up

Upcoming Events