မြစ်ရေကြီးခြင်း သတိပေးချက် (၁၇-၇-၂၀၁၉)

 

========================================

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တိုင်းတာချက်

========================================

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် (၁) ပေခွဲခန့်၊ ရွေကူမြို့တွင် (၁) ပေခန့်၊ ကသာမြို့တွင် (၁) ပေခွဲခန့်နှင့် သပိတ်ကျင်းမြို့တွင် (၃) လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်တွင် ရောက်ရှိနေပါသည်။

=========================================

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁) ပေခန့်နှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၅) လက်မခန့်တွင် ရောက်ရှိနေပါသည်။

=========================================

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။

=========================================

 “အကြံပြုချက်”

သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အနီးနှင့် စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေသည့် မြို့နယ်များရှိ မြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events