မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် မိုင်းကိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဖြစ်သူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပြီး နေ့လည်(၁၂း၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_jul2019

 

Sign Up

Upcoming Events