ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့ခဲ့ရသည့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ဘိုကုန်းကျေးရွာ၌(၁၈-၇-၂၀၁၉)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုပြောင်းရွှေ့ရသော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၁၂၆၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့မှတာဝန်ရှိသူများနှင့်အတူ(၁၉-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

# ha¬_rbe

# kcn_jul 2019

 

Sign Up

Upcoming Events