ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

19_Pic_02 19_Pic_03

(၁၇.၇.၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဗန်းမော်ခရိုင်ရွှေကူခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်အတူ ဗန်းမော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများ၊ ရွှေကူမြို့နယ်ဦးစီမှူးရုံးမှတာဝန်ရှိသူများလိုက်ပါ၍ (၁၅-၇-၂၀၁၉)ရက်နေ့မှ(၁၆-၇-၂၀၁၉)ရက်နေ့အထိ ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ရေဘေးပြောင်းရွှေ့ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၂၄)ဦးတို့သည် ပုဗ္ဗာရံဘုန်းကြီးကျောင်း၊မြဝတီဘုန်းကြီးကျာင်း၊ ရွှေမြင်းတတင်ခန်းမနှင့် သူဌေးတောရ ဘုန်းတော်ကြီးကျောင်းတို့တွင် အသီးသီးယာယီပြောင်းရွှေလျက်ရှိပြီး ပြောင်းရွေ့အိမ်ထောင်စု(၂၄၄)စု လူဦးရေ(၁၂၄)ဦးတို့အတွက် တစ်ဦးလျှင် (၂၁၀၀)ကျပ် နှုန်းဖြင့် (၇)ရက်စာဆန်ဖိုးငွေ (၂၆၀,၄၀၀/-)ကျပ်တိတိကိုလည်းကောင်း၊ (၁၆-၇-၂၀၁၉)ရက်နေ့အမှတ်(၂)ရပ်ကွက်တွင်ဖြစ်ပွားသော ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စု(၃)စု၊လူဦးရေ(၁၂)ဦးအတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ပစ္စည်းဆယ်မျိုးပါ ပုံး(၃)ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ တစ်အိမ်(၁၀၀၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀၀)ကျပ်၊လူဦးရေ(၁၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၅၂၀၀)ကျပ် ကိုလည်းကောင်း စုစုပေါင်း (၅၈၅၆၀၀)ကျပ်တို့ကို (၁၇-၇-၂၀၁၉)ရက်နေ့ (၁၂)နာရီအချိန်၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#kcn_jul2019

Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events