မြစ်ရေကြီးမှုအခြေအနေသတိပေးချက် (၁၉-၇-၂၀၁၉)

========================================== ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၃၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ =========================================== ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၂)ပေခန့်၊ ကသာမြို့တွင် ပေဝက်ခန့်၊ မန္တလေးမြို့နှင့် ကသာမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး ရွှေကူမြို့နှင့် မြင်းမူမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အနီးသို့ ရောက်ရှိနေပါသည်။ ===========================================  ချင်းတွင်းမြစ်သည်ဖောင်းပြင်မြို့တွင်လည်းကောင်း၊ ဒုဋ္ဌဝတီမြစ်သည် မြစ်ငယ်မြို့တွင်လည်းကောင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အနီးသို့ ရောက်ရှိနေပါသည်။  =========================================== “အကြံပြုချက်” သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အထက်နှင့် စိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည့် မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events