ပရဟိတကျောင်းရှိ ပညာသင်ကြားနေသောကျောင်းသား/သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း

 

 

20_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၇ခုနှစ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း သြဂုတ်လ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တောင်ပြိုလက်ဝဲမြို့၊ နံသာတောင်ပညာဒါန(ပရဟိတ)ကျောင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/ သူ(၄၂၀)ဦးသည် မောင်တောမြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆက်လက်ပညာသင်ဆည်းပူးလျက်ရှိသောကြောင့် အဆိုပါ ကျောင်းသား/ သူ (၄၂၀)ဦးအတွက် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက်ဖြင့် ဆန်(၈)ပြည်အိတ် (၄၂၀)အိတ်ပဲ(၁.၅)ပိဿာထုပ် (၄၂၀)ထုပ်၊ ဆီ(၄၂၀)လီတာ၊ ဆား(၂၅)ကျပ်သားထုပ် (၄၂၀)ထုပ် စားနပ်ရိက္ခာ (၁)လစာအား (၁၈.၇.၂၀၁၉)ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_jul2019

Source:         မောင်တောခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events