ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှအကူအညီပေးရန် အဆိုပြုမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

20_Pic_01

 

နေပြည်တော်၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှအကူအညီပေးရန် အဆိုပြုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်ရှိသော တိုက်ပွဲရှောင်ပြည်သူများကို ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် ကူညီလိုကြောင်း တင်ပြခဲ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နှင့် ပတ်သတ်သောမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကိုထောက်ပံ့ရန် တင်ပြမှုများနှင့်စပ်လျဉ်း၍ မည်သို့လုပ်ငန်းဆောင်ရွက်ရန် လျာထားသည် များတွင် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ တပ်မတော်နှင့် AA အဖွဲ့ အကြားတိုက်ပွဲများကြောင့် ယာယီရွှ့ပြောင်းနေထိုင်ရသူ အိမ်ထောင်စု(၁၆၀၀၀)ကျော်၊ လူဦးရေ (၆၅၀၀၀)ကျော်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် (၁၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၀-၇-၂၀၁၉)ရက်နေ့အထိ မြန်မာငွေ ကျပ်သန်း (၁၁၀၀)ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများကို ကူညီပံ့ပိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်အဖွဲ့အစည်းများ၊ စေတနာရှင်များကလည်း ထောက်ပံ့လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် စခန်းအသီးသီး၌ (၂၂၀၀၀)ခန့် နေထိုင်ဆဲဖြစ်ကာ လိုအပ်ချက်များအား မိမိတို့အနေဖြင့် စိစစ်ထောက်ပံ့လျက်ရှိပါကြောင်း၊Red Cross Movement လှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့အနေဖြင့်လည်း စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးရာသီအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထာက်ပံ့ခြင်းများ ကိုဆောင်ရွက်လျက်ရှိပါကြာင်း၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ခွင့်တင်ပြခြင်း ကိုလည်း အလေးထား စဉ်းစားသွားမည်ဖစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက အစားအသောက်လုံခြုံမှု၊ အာဟာရ၊ အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းထာက်ပံ့မှု၊ ပညာရေး၊ကျန်းမာရေး၊ရနှင့်သန့်ရှင်းရေး၊ ထိခိုက်လွယ်သူ များအား ကာကွယ်စာက်ရှောက်ရေး ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု လျာထားမှု၊ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလိုသည့်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂ အရေးပေါ်တုန့်ပြန်ရေးရံပုံငွေနှင့် အခြားရံပုံငွေများ တာင်းခံထားရှိမှုတို့အား ဆွးနွေးတင်ပြကြပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များကလည်း ဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် ဦးစားပေး အစီအစဉ်ဖြင့် လုပ်ငန်းဆောင်ရွက်မှု၊ ကဏ္ဍအလိုက် အဆိုပြုတင်ပြမှုများနှင့်စပ်လျဉ်းသည့် သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အစည်းအဝေးသို့ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2

#npw_jul2019

Source: MSWRR

 

Sign Up

Upcoming Events