မြစ်ရေကြီးမှုအခြေအနေသတိပေးချက်(၂၀-၇-၂၀၁၉)

========================================== ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၃၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ =========================================== ယနေ့မြန်မာစံတော်ချိန် (၁ရး၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၁)ပေခွဲကျော်ခန့်၊ မန္တလေးမြို့တွင် ပေဝက်ခန့်၊ စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ ထို့အပြင် ဧရာဝတီမြစ်သည် မြင်းမူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အနီးသို့ရောက်ရှိနေပါသည်။

===========================================  

ဒုဋ္ဌဝတီမြစ်သည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန် ရောက်ရှိနေပါသည်။  =========================================== 

“အကြံပြုချက်” သို့ဖြစ်ပါ၍ စိုးရိမ်ရေမှတ်အထက်နှင့် စိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည့် မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events