လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

 

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၈.၂၀၁၉) ရက်နေ့တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀,၀၀၀ိ/-)၊ လူဦးရေ(၁၈)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၃၇,၈၀၀ိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၇,၈၀၀ိ/-)အား (၉.၈.၂၀၁၉)ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_aug2019

Source-        သထုံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events