လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

13_Pic_02 13_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်း ကျေးရွာအုပ်စု၊ မောင်းတီးကျေးရွာ၊ ရွေးကျေးရွာအုပ်စု၊ ရွေးကျေးရွာနှင့် ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာတို့၌ (၄-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉) ရက်နေ့အတွင်း  ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၃)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-) ကျပ်တို့ကို (၁၃-၈-၂၀၁၉) ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events