ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပခုက္ကူမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး(ရွာသစ်)ကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကိုလည်းကောင်း၊ ရှားပင်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃၁၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွက် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source; ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#mgy_aug 2019

Sign Up

Upcoming Events