လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကက္ကူကြီး (တောင်)ကျေးရွာနှင့် ကွင်းချောင်း ကျေးရွာအုပ်စု၊ မကျီးတောကျေးရွာတွင်(၇.၈.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) စုစုပေါင်း လူဦးရေ(၁၀)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၂၁၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ(၂၂၁၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁) အိမ်ထောင်စာ (၃၂၃၅၃/-)အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် မြန်မာ့ကြက်ခြေနီအသင်း (ငါးသိုင်းချောင်းမြို့ခွဲ)နှင့်အတူ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:       ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events