ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်စပ်ညှိနှိုင်းမှုအဖွဲ့ အစည်းအဝေးပြုလုပ်မှုသတင်း

13_Pic_02

သြဂုတ်၊ ၁၃၊ နေပြည်တော်

မြန်မာနိုင်ငံတစ်ဝှမ်း၌ သဘာဝဘေးဒဏ်ခံစားနေရသော ဒေသအသီးသီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏   ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။                                                                   အခမ်းအနားတွင် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အများစု၌  ရေကြီးနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဒေသတစ်ချို့တွင် ရေများပြန်လည်ကျဆင်းပြီဖြစ်သော်လည်း ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီးများတွင် ရေဘေးရှောင်စခန်း  (၁၆၆)ခု၊ လူဦးရေ (၇၉၃၈၉) ဦး ကျန်ရှိနေသေးကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်  ထောက်ပံ့တန်ဖိုးငွေ ကျပ်(၃,၄၄၅)သိန်းကျော်ကို ထောက်ပံ့ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထောက်ပံ့မှုများကို လိုအပ်ချက်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေသန့်ရှင်းမှု အတွက် အသုံးပြုရန်ရေသန့်ဆေးများကို  ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ထပ်မံလိုအပ် သောရေသန့်ဆေးများကိုလည်း ထပ်မံဖြန့် ဝေသွား ရန်စီစဉ် လျက်ရှိကြောင်း၊  ပျက်ဆီးဆုံးရှုံးမှု စာရင်းများကို လတ်တလောအတိအကျကောက်ယူ ရရှိနိုင်ရန်မဖြစ်နိုင်သေးသည်ကိုသိရှိပါ ကြောင်း၊ သို့သော်လည်း ကနဦးရရှိပြီး စာရင်းများကို စနစ်တကျစုစည်းထားရန်လိုကြောင်း၊ ကုန်ထုတ်လမ်းတံတား ပျက်စီးဆုံးရှုံးမှုများ၊ မိုးစပါးများ အပါအဝင် စိုက်ပျိုးသီးနှံများ ရေနစ်မြှုပ်မှု များအတွက် အမြန်ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ရေများပြန်လည် ကျဆင်းပြီးပါက  ပျက်စီးဆုံးရှုံးမှုစာရင်းကို တိကျစွာကောက်ယူရရှိရေး ယခုအချိန်မှစ၍ ကဏ္ဍအလိုက် ညှိနှိုင်းစီစဉ်မှုများပြုလုပ်ရန် တိုက်တွန်းလိုကြောင်းနှင့် တက်ရောက်လာကြသော အဖွဲ့ဝင် များက ကဏ္ဍအလိုက် ဆွေးနွေးပေးကြရန်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသော ကနဦးစာရင်းကောက်ယူရရှိမှုများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သောစက်ယန္တယားများ စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ သဘာဝဘေးဒဏ် ကြောင့်ရရှိသည့် စိတ်သောကဝေဒနာ စိတ်ဒဏ်ရာ ဒဏ်ချက်များအတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရန် အားပေးနှစ်သိမ့်ဆွေးနွေးမှုနှင့် လိုအပ်ပါက ဆေးဝါးကုသမှု များဆောင်ရွက်ပေးနိုင်ရန် စိတ်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု နားလည်ကျွမ်းကျင်သည့် ဆရာဝန်များစေလွှတ်၍ ဆောင်ရွက်မည့်အခြေအနေများ၊ မြွေဆိပ် ဖြေဆေးဖြန့်ဝေထားရှိမှုများ၊ ဘေးသင့်ဒေသများတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အချို့ဒေသများတွင် ဓါတ်အားယာယီ ဖြတ်တောက်ထားခြင်းဖြစ်ပြီး ရေများပြန်လည်ကျဆင်းပါက ဓါတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် လိုအပ်သောစက်သုံးဆီများ ပံ့ပိုးနိုင်မှုအခြေအနေ၊ ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များ ပြန်လည်ထောက်ပံ့ပေးမည့် အခြေ အနေများ စသည့်ဖြင့် အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သောကဏ္ဍများအလိုက် ဘတ်ဂျတ်ခွဲဝေထားရှိမှုများ၊ စိုက်ထုတ်အသုံးပြုနိုင်မှုအခြေအနေများကို  ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ထံသို့ အမြန်ပြန်လည် တင်ပြကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ယနေ့မွန်းလွဲပိုင်းကလည်း မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် နေပြည်တော်ရှိ ဦးသန်းဝင်းလှိုင် + ဒေါ်နီလာအောင် မိသားစု( သိန်းတရာရွှေဆိုင်)မှ အလှူငွေကျပ် (၅,၀၀၀,၀၀၀/-) (ကျပ်သိန်း ငါးဆယ်တိတိ/-) နှင့် DISAC ၊ AFA ၊ ဖူးကက်မြို့ပရဟိတအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမားများမှ (၁၀,၀၀၀,၀၀၀/-) (ကျပ်သိန်း တစ်ရာတိတိ/-) အား ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#ayy_aug2019

Source:  MOSWRR

 

Sign Up

Upcoming Events