မြစ်ရေကြီးခြင်း သတိပေးချက် (၁၄-၈-၂၀၁၉)

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန်တိုင်းတာချက်

==============================================

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၂) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။

==============================================

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေပါသည်။

==============================================

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အောက် (၂) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။

==============================================

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အောက် (၄) လက်မခန့်တွင် ရောက်ရှိနေပါသည်။

==============================================

ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်အနီးတွင် ရောက်ရှိနေပါသည်။ ==============================================

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက်  (၂) ပေခန့်တွင် ရောက်ရှိနေပါသည်။

============================================== “အကြံပြုချက်”

အဆိုပါ ဒေသများတွင် နေထိုင်သူများအနေဖြင့် ရေကြီးခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် ဓါတ်လိုက်ခြင်း၊ တောင်ကျချောင်းများ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မသန့်ရှင်းသည့်ရေများ သောက်သုံးမိခြင်း၊ အဆိပ်ရှိသည့် သတ္တဝါများအန္တရာယ်နှင့် ကမ်းပါးပြိုခြင်းအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။

 

 

 

Sign Up

Upcoming Events