ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၁၁-၈-၂၀၁၉)ရက်နေ့နှင့် (၁၂-၈-၂၀၁၉)ရက်နေ့အတွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်း(၅)ခုသို့ ပြောင်းရွှေ့ရောက်ရှိနေကြသည့် ရေဘေးသင့် အိမ်ထောင်စု(၂၇၂)စုမှ လူဦးရေ(၉၂၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၉၃၄၁၀၀/-) ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source; ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#bgo_aug 2019

Sign Up

Upcoming Events