လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်အုပ်စု၊ မြို့သစ်ကျေးရွာ၊ မဲခရဲအုပ်စု၊ မဲခရဲကျေးရွာ၊ ချောင်းဝအုပ်စု၊ ချောင်းဝကျေးရွာနှင့် ဝါးကုန်းအုပ်စု၊ ကုန်းကြီးကျေးရွာတို့တွင် (၃/၅/၆-၈-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၄) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ စုစုပေါင်းနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ (၄၄,၁၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀,၀၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_aug2019

Sign Up

Upcoming Events