လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့တွင် (10-8-2019)ရက်နေ့မှ (14-8-2019)ရက်နေ့အထိ ဖြစ်ပွားသော လေဘေးနှင့် ကမ်းပြိုဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ ကြိုတင် ရွှေ့ပြောင်းနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၁၂၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းရန် ပုံငွေ (၂၇၄၀၀၀၀)၊ ဆန်ရိကာရန်ပုံငွေ(၂၅၆၂၀၀ )၊ စုစုပေါင်းရန်ပုံငွေ (၂၉၉၆၂၀၀)အား (17-8-2019)ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင်  ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw/rbe

#ayy_aug2019Source:                 မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events