မြစ်ရေကြီးခြင်းသတိပေးချက် (မဒေါက်မြို့)

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

===========================================

စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

===========================================

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

===========================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေကြီးခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် ဓါတ်လိုက်ခြင်း၊ တောင်ကျချောင်းများ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မသန့်ရှင်းသည့်ရေများ သောက်သုံးမိခြင်း၊ အဆိပ်ရှိသည့် သတ္တဝါများအန္တရာယ်နှင့် ကမ်းပါးပြိုခြင်းအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။        

Sign Up

Upcoming Events