မြစ်ရေကြီးခြင်းသတိပေးချက်(ရွှေကျင်မြို့)

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

===============================================

ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

===============================================

ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး၊ လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

===============================================

“အကြံပြုချက်”

သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေကြီးခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် ဓါတ်လိုက်ခြင်း၊ တောင်ကျချောင်းများ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မသန့်ရှင်းသည့်ရေများ သောက်သုံးမိခြင်း၊ အဆိပ်ရှိသည့် သတ္တဝါများအန္တရာယ်နှင့် ကမ်းပါးပြိုခြင်းအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့နိုင်ပါကြောင်း အကြံပြုအပ်ပါသည်။        

Sign Up

Upcoming Events