ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း

 

11_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က-(ခွဲ)ကွန်းရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ(၂၀၁)ဦးအား လည်းကောင်း၊ ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က(ခွဲ)ရွှေတန်းတစ်တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ကျောင်းသား/သူ(၂၁၄)ဦး၊ စုစုပေါင်း(၄၁၅)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ ်ဆောင်ရန်ရှောင်ရန်များကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#Unicode Version#

#ar

#mgy_sep2019

Source:         ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events