သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် မြိတ်မြို့နယ်၊ သဘွတ် အ.ထ.က၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၂၀၀) ဦးခန့်အားလည်းကောင်း၊ (၁၃း၀၀) နာရီ အချိန်တွင် မြိတ်မြို့နယ်၊ အ.ထ.က (ခွဲ) ပပြင်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၅၀၀) ဦးတို့အား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#tny_sep2019

Sign Up

Upcoming Events