ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများလက်ခံရရှိမှုသတင်း

စက်တင်ဘာ၁၅၊ရန်ကုန်
မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင် ပြည်သူများ၏ လှူဒါန်းငွေများ၊ လူအသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလက်ခံရယူခဲ့ပါသည်။
အခမ်းအနားတွင် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးကရေဘေးသင့်ဒေသများအတွက် ယခုလိုလာရောက် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အလှူငွေများကိုပေးအပ်ရာ ဒဂုံအရှေ့ စက်မှုဇုန် အပိုင်း(၁) အဆင့်မြှင့်တင်ကြီးကြပ်မှုကော်မတီက ငွေကျပ် (၇,၇၅၅,၀၀၀-/) နှင့် ငွေကျပ် (၁,၁၈၅,၀၀၀-/) တန်ဘိုးရှိလူအသုံး အဆောင် ပစ္စည်းများ၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသားကြီးအလတ်စားစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကငွေကျပ် (၁,၁၉၃,၀၀၀-/) ၊KoeKoe Tech IT Social Enterprise ကငွေကျပ် (၁,၀၀၀,၀၀၀-/) နှင့် ငွေကျပ် (၃၁၈၀၀) တန်ဘိုးရှိစားသောက်ကုန် ပစ္စည်းများ၊ ကျောင်းအကျိုးတော်ဆောင် ဒေါ်ခင်ယုမွန်ဦးစီးသော အထက(၁)ဒဂုံမြို့နယ်၏၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်း EC ကျောင်းသား/ကျောင်းသူများက ငွေကျပ်(၅)သိန်း၊(၁၄၄)ရပ်ကွက်အသံ၊ အနံ့စက်မှုဇုန်ကော်မတီကငွေကျပ် (၃၁၅,၀၀၀-/)တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးဒဏ်ခံပြည်သူများအား စာနာစိတ်ဖြင့် ပြည်သူမှပြည်သူသို့ လာရောက် လှူဒါန်းပေးကြသည့် အတွက်ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ခံစားရသောပြည်သူများကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း၊ လှူဒါန်းငွေများကိုအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထဲသို့ တိုက်ရိုက်ထည့်ပြီး ဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်အကျိုးရှိစွာ အသုံးပြုလျက်ရှိပါကြောင်း၊ ဘေးသင့်ဒေသများအမြန် ပြန်လည် ထူထောင် ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကိုဖွဲ့စည်း၍အလျင်အမြန်တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊လတ်တလောကောက်ယူရရှိပြီးသောစာရင်းများကိုစိစစ်၍ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းတံတားပျက်စီးဆုံးရှုံးမှုများပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး၊မိုးစပါးများရေနစ်မြုပ်ပျက်စီးမှုများအတွက်အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးထောက်ပံ့ပေးလျက်ရှိကြောင်း၊လိုအပ်ချက်များအလိုက်ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#ygn_sep2019

Source: MOSWRR

Sign Up

Upcoming Events