တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍ အလိုက် အချိတ်အတက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့် အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်း ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်များကို ဆင့်ပွားအသိ ပညာပေးနိုင်ရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ရုံးသည် “တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)” ဖွင့်ပွဲအခမ်း အနားအား (၁၆-၉-၂၀၁၉) ရက်နေ့ (၀၈း၃၀) နာရီအချိန်၌ ပုသိမ်မြို့၊ အ.ထ.က(၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာ စကားပြော ကြားခဲ့၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး တာဝန်ရှိသူတစ်ဦးမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူ၊ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၅ဝ) ဦးဖြင့် (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၅) ရက်ကြာ ဖွင့်လှစ် သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_sep2019

Sign Up

Upcoming Events