သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

 

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉)ရက်နေ့ နေ့လည် (၁၂)နာရီချိန်မှ ၁၃း၃၀အချိန်ထိ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာသူ/သား(၆၅)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#sgg_sep2019

Source:         တမူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events