ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့ခြင်း

 

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁၂.၉.၂၀၁၉)ရက်နေ့တွင်ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ဆင်ကျွန်းကျေးရွာ ၌မြစ်ကမ်းပါးပြိုကျမှုကြောင့်ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၅)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝိ/-) အား(၁၆.၉.၂၀၁၉)ရက်နေ့နံနက်(၁၁း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_sep2019

Source:         ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events