သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်း၌ (၁၆-၉-၂၀၁၉)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီမှ(၁၀း၀၀)နာရီအထိ သဘာဝဘေးအသိပညာပေးကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့်ဖြစ်ပွါး တတ်သောဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်းဘေးအန္တရာယ်မဖြစ်ပွါးမီဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါကတုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ပြသခြင်း၊ဂိမ်းများကစားခြင်းဖြင့်သင်တန်းသား/သူ(၃၁)ဦးအားဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_ sep 2019

Sign Up

Upcoming Events