တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၅ဝ) ဦးဖြင့် (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ သင်တန်း ကာလ (၅) ရက်ကြာဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်အနားကို (၂၀-၉-၂၀၁၉) ရက်နေ့ (၁၅း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (လက်ထောက်ညွှန်ကြားရေးမှူး) မှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ သင်တန်းသား/သင်တန်းသူများမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_sep2019

Sign Up

Upcoming Events