မြေပြိုဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

8_Pic_018_Pic_028_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများမှ ဦးဆောင်၍ (၈-၁၀-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀)နာရီအထိ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ADPC တို့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်ရှိ ပြည်သူများနှင့် ဌာနဆိုင်ရာများစုစုပေါင်း (၃၅၀) ဦးတို့ မြေပြိုဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ADPC အဖွဲ့အစည်းမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့အတွက် မြေပြိုဘေးကြိုတင်သတိပေးချက်ဆိုင်ရာသုံး ကိရိယာများ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#simex_lsd

#chn_oct2019

Source:  ချင်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events