လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်သောအဖွဲ့အား ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံမှုသတင်း

9_Pic_01

အောက်တိုဘာ ၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ RCM အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ ကျန်းမာရေး၊ အသက်မေွးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် Red Cross Movement (RCM) တို့  ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် Record of Discussion အား လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ (၂) နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားအရ  မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တွင်း အကူအညီပေးမည့်သူများအတွက် လုံခြုံရေးကို အထူးအလေးထားစဉ်းစားဆောင်ရွက်နေရခြင်းကို နားလည်ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကြက်ခြေနီလှုပ်ရှားမှု RCM လုပ်ငန်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံ ဆိုင်ရာဌာ နေကိုယ်စားလှယ်နှင့် IFRC Head of Country Office တို့မှ အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအစိုးရ နှင့်ညှိနှိုင်း၍ ရခိုင်ပြည်နယ်အတွင်း RCM အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ အဓိကဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကြောင်း ၊ကျန်းမာရေး၊ အမိုးအကာ၊ ရေနှင့်သန့်ရှင်းရေး၊ မိုင်းအန္တရာယ်အသိပညာပေးရေး၊ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ရှိသော ရပ်ရွာလူထုဖြစ်စေရေးတို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက လည်း ကြက်ခြေနီလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_oct2019

Source:   MSWRR

Sign Up

Upcoming Events