သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မဂုကျေးရွာအုပ်စုမြစ်ပိုးကျုံစိန်ကျေးရွာ(အ.မ.က)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၆၀)ဦးကို မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မုန်တိုင်းဘေးနှင် အခြားဘေးများ၏ဆောင်ရန်ရှောင်ရန်အချက်များ၊သရုပ်ပြခြင်းများနှင့်ယင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောက်လုပ်ပြီးစီးပြီဖြစ်သောMulti Purpose Shelter ကို သဘာဝဘေးဖြစ်ပွားပါကမည်သို့အသုံးပြုရမည်များကိုအသိပညာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#kyh_oct 2019

Sign Up

Upcoming Events