တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

9-10-2019

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ ယာယီရောက်ရှိခိုလှုံနေထိုင်လျက်ရှိသော ဝိဘဇ္ဇဝါဒီ (ပရဟိတ) ကျောင်းတိုက်မှ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၆) ဦး၊ ကျက်တောပြင်ကျေးရွာမှ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၂) ဦးနှင့် ဗုဒ္ဓမော်ကျောင်းတိုက်မှ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ၊ ဆန် (၄၂) အိတ်၊ (၄) ပြည်၊ (၄) ဗူးအား (၈-၁၀-၂၀၁၉) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_oct2019

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events