လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ထိပ်ချောင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ထောင်စု (၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၉၆၈၀၀/-)ကျပ် တိတိအား (၉-၁၀-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

#ayy_oct 2019

Sign Up

Upcoming Events