မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

17_Pic_01

(၉-၁၀-၂၀၁၉)ရက်နေ့၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရှင်အောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် မီးဘေးလုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း) အိမ်ခြေ (၁)လုံး အိမ်ထောင်စု(၁)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းငွေ ကျပ် (၄၀၀,၀၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၉) ရက် နေ့တွင် ရှင်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူ မိသားစုဝင်များထံသို့ ကွင်းဆင်းထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#rke_oct2019
 
 
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events