ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

17 _ Pic _ 01 17 _ Pic _ 02
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၃)စု(အိပ်ပျက်၊အင်္ဂရမ်း၊တောင်လုံးစု)၊ ကျေးရွာခွဲ (၃) ရွာတို့၌ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရသော အိမ်ခြေ (၁၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆၂) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၁၃၀,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၆၃၀,၂၀၀/-) ကျပ်တို့အား (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဟသာင်္တမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_Oct2019

Sign Up

Upcoming Events