လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

17_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် (၁၆-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၁) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၉၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၃,၁၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၁၃,၁၀၀) ကျပ် တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၁၇-၁၀-၂၀၁၉) ရက် နေ့ (၁၃:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_oct2019
 
 
Soruce: မအူပင်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events