လေဘေးသင့်နေအိမ်များနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ပကွဲရေလဲအုပ်စု၊ ခြံတန်းကျေးရွာ၌ (၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး (ဝါးအိမ်-၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀ဝ/-)ကျပ်တို့အား လည်းကောင်း၊ တောင်ပို့တစ်ရာအုပ်စု၊ သာဒုချောင်းအုပ်စုနှင့် နန်းတော်ကျွန်းအုပ်စုတို့၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲ(ဝါးအိမ်-၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး (သစ်-၁၊ ဝါး-၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၉၈၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ တို့ အားလည်းကောင်း၊ ထုံးတပိုအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၁၅-၁၀-၂၀၁၉) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်တို့အား (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_tls
#ayy_Oct2019

Sign Up

Upcoming Events